ထိုင်းနိုင်ငံ လယောင်မြို့ရှိ အလုပ်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၄၁ ဦးကို စက်ရုံဘက်မှ အလုပ်ဖြုတ်ခံရသည့်အတွက် အလုပ်ပြန်ရအောင် ကူညီပေးခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။
မြန်မာအလုပ်သမားများသည် ၎င်းစက်ရုံတွင် ကြားစပ်ကုမ္ပဏီမှတစ်ဆင့် အလုပ်ဝင်ရောက် လုပ်ကိုင်ခဲ့ကြပြီး အလုပ်သက်တမ်း ၁၀လခန့်ရှိပြီဖြစ်ကာ WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့ သောကြောင့် ဒီဇင်ဘာ ၂၆ ရက်တွင်မြို့နယ် ဆဝါဒီကန်အလုပ်သမားရုံး၌ သွားရောက်တိုင်ကြား ခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။ထိုင်းနိုင်ငံ လယောင်မြို့ရှိ အလုပ်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၄၁ ဦးကို စက်ရုံဘက်မှ အလုပ်ဖြုတ်ခံရသည့်အတွက် အလုပ်ပြန်ရအောင် ကူညီပေးခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။ညှိနှိုင်းချက်အရ စက်ရုံဘက်မှ အလုပ်သမားများကို နှစ်သစ်ကူးပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် အလုပ်ပြန်ဆင်းခိုင်းမည်ဖြစ်ကာ ဆဝါဒီကန်မှ သတ်မှတ်ထားသည့် တစ်နှစ်တာ အလုပ်ပိတ်ရက် ပြန်ရရှိခဲ့ကြောင်း သိရသည်။အခွင့်အရေးများ ပုံမှန်ရရှိမည်ဟု စက်ရုံတာဝန်ရှိသူများက ဆဝါဒီကန်ရုံးဝန်ထမ်းများနှင့် WAG အဖွဲ့သားများရှေ့တွင် ကတိလက်မှတ်ထိုးပေးခဲ့ကြောင်း သိရသည်။



