၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ယနေ့ ဒီဇင်ဘာ (၂၈) ရက် နံနက်ပိုင်းမှစတင်ကျင်းပပြုလုပ်လျက်ရှိရာ၊ ညနေ (၄) နာရီ မဲရုံပိတ်မည်ဆိုသော်လည်း မဲရုံပရဝဏ်အတွင်း မဲဆန္ဒရှင်များကျန်ရှိနေပါက မဲပေးခွင့်ပြုသွားမည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိက ပြောသည်။မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ မဲရုံပေါင်း (၃၃၅) ရုံ ဖွင့်လှစ်ထားရာ အသက် (၁၈) နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်ပြည်သူ (၅၉၄,၅၅၀) ဦး မဲဆန္ဒပေးခွင့်ရှိကြောင်းဆိုသည်။ယနေ့တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲလာရောက်ပေးနေကြသည်ကိုလည်းတွေ့မြင်ရသည်။



