back

နှစ်သစ်မှာ ဒုံးကျည်တွေ ပိုမိုထုတ်လုပ်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ညွှန်ကြား

Dec 28 • 7:11 AM

breaking-news

မြန်မာ

ပြည်ပ

cover

နှစ်သစ်မှာ ဒုံးကျည်တွေ ပိုမိုထုတ်လုပ်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ညွှန်ကြား

စစ်တပ်အတွက် လိုအပ်နေတဲ့ ဒုံးကျည်တွေ အပြည့်အဝ ရရှိရေး စက်ရုံတွေ ပိုမို တည်ဆောက်ကြဖို့နဲ့ ဒုံးကျည် ထုတ်လုပ်မှု အရှိန်မြှင့်တင်ကြဖို့ မြောက်ကိုရီးယား ခေါင်းဆောင် က...

စစ်တပ်အတွက် လိုအပ်နေတဲ့ ဒုံးကျည်တွေ အပြည့်အဝ ရရှိရေး စက်ရုံတွေ ပိုမို တည်ဆောက်ကြဖို့နဲ့ ဒုံးကျည် ထုတ်လုပ်မှု အရှိန်မြှင့်တင်ကြဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က အရာရှိတွေကို ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။မကြာသေးခင်နှစ်တွေက မြောက်ကိုရီးယားဟာ တိကျစွာ ပစ်ခတ်နိုင်တဲ့ စွမ်းရည် တိုးတက်လာစေဖို့ ရည်ပြီး ဒုံးကျည် စမ်းသပ်မှုတွေ သိသိသာသာ တိုးမြှင့် လုပ်ဆောင်လာနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။တောင်ကိုရီးယားအပြင် အမေရိကန်ကို စိန်ခေါ်ဖို့နဲ့ အဓိက မဟာမိတ် ရုရှားဆီကို ဒုံးကျည်တွေ မပို့ခင် စမ်းသပ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ထိပ်တန်းအရာရှိတွေနဲ့အတူ ဒုံးကျည် ထုတ်လုပ်ရေး စက်ရုံတွေဆီ ကင်ဂျုံအန် သွားရောက်ခဲ့ပြီး လာမယ့်နှစ်မှာ အလုပ်များမှာဖြစ်လို့ ကြိုတင် ပြင်ဆင်ထားကြဖို့ ညွှန်ကြားခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြထားပါတယ်။မြောက်ကိုရီးယား စစ်တပ်ရဲ့လိုအပ်ချက် ပြည့်မှီစေရေး လက်ရှိ ဒုံးကျည် ထုတ်လုပ်မှုကို သိသိသာသာ တိုးမြှင့်ရမှာ ဖြစ်ပြီး ခဲယမ်းမီးကျောက်များ ထုတ်လုပ်နိုင်ရေး စက်ရုံ အသစ်တွေ တည်ဆောက်ကြဖို့လည်း ကင်ဂျုံအန်က ညွှန်ကြားခဲ့ပါတယ်။စစ်ပွဲအတွက် ခုခံ ကာကွယ်နိုင်စွမ်းကို အားဖြည့်ဖို့အတွက် ဒုံးကျည်တွေနဲ့ ကျည်အခွံ ထုတ်လုပ်မှုက အများကြီး အရေးပါတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။



news-view-count-icon

32