back

လာအို-ထိုင်း မဟာမိတ်တံတား (၅) ကို တရားဝင်ဖွင့်လှစ်ခဲ့

Dec 28 • 6:42 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအို-ထိုင်း မဟာမိတ်တံတား (၅) ကို တရားဝင်ဖွင့်လှစ်ခဲ့

လာအိုနိုင်ငံ၌ ၂၀၂၅ ဒီဇင်ဘာ ၂၅-၂၆ ရက်တွင် ဘိုလိခမ်းဆိုင်ပြည်နယ် (လာအို) နှင့် ဘွဲင်ကန်ပြည်နယ် (ထိုင်း) တို့ကို ချိတ်ဆက်သည့် လာအို-ထိုင်း မဟာမိန်တံတား (၅)ကို တရား...

လာအိုနိုင်ငံ၌ ၂၀၂၅ ဒီဇင်ဘာ ၂၅-၂၆ ရက်တွင် ဘိုလိခမ်းဆိုင်ပြည်နယ် (လာအို) နှင့် ဘွဲင်ကန်ပြည်နယ် (ထိုင်း) တို့ကို ချိတ်ဆက်သည့် လာအို-ထိုင်း မဟာမိန်တံတား (၅)ကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် တံတားသည် ထိုင်းမှ လာအိုတဆက်တည်းဖြင့် ဗီယက်နမ်အထိ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာ အကွာအဝေးကို ၁၅၀ ကီလိုမီတာ ချုံ့ချပေးပြီး ဒေသဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းများအတွက် အရေးကြီးသော အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ ထိုင်းဘွဲင်ကန်နှင့် လာအိုဘိုလိခမ်းဆိုင် တို့အပြင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် တရုတ်ယူနန်၊ ဂွမ်စီတို့ပါဝင်သည့် Greater Mekong Sub-region တစ်ခုလုံးအတွက် ချိတ်ဆက်မှု အားဖြည့်မှုအဖြစ် သတ်မှတ်ထားသည်။ 

news-view-count-icon

18