back

Stalker ရန်မှလွတ်ရန် ဒူဘိုင်းသို့ ထွက်ပြေးခဲ့သော ရုရှားလေယာဉ်မယ် ဟိုတယ်ခန်းအတွင်း ရက်ရက်စက်စက် သတ်ဖြတ်ခံရ

Dec 28 • 5:21 AM

breaking-news

UAE

ပြည်တွင်းသတင်း

cover

Stalker ရန်မှလွတ်ရန် ဒူဘိုင်းသို့ ထွက်ပြေးခဲ့သော ရုရှားလေယာဉ်မယ် ဟိုတယ်ခန်းအတွင်း ရက်ရက်စက်စက် သတ်ဖြတ်ခံရ

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ၂ နှစ်နီးပါးကြာ နှောက်ယှက်ချောင်းမြောင်းနေသည့် Stalker ရန်မှလွတ်ရန် ဒူဘိုင်းသို့ ဘဝသစ်စရန် ထွက်ပြေးလာသည့် အသက် ၂၅ နှစ်အရွယ...

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ၂ နှစ်နီးပါးကြာ နှောက်ယှက်ချောင်းမြောင်းနေသည့် Stalker ရန်မှလွတ်ရန် ဒူဘိုင်းသို့ ဘဝသစ်စရန် ထွက်ပြေးလာသည့် အသက် ၂၅ နှစ်အရွယ် လေယာဉ်မယ် Anastasia Nikulina သည် ဒူဘိုင်းရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုတွင် ဓားဒဏ်ရာ ၁၅ ချက်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသည်။ တရားခံမှာ အသက် ၄၁ နှစ်အရွယ် Albert Morgan ဖြစ်ပြီး ၎င်းသည် ဒူဘိုင်းအထိ လိုက်လာကာ ဟိုတယ်ဝန်ထမ်းအယောင်ဆောင်၍ အခန်းအတွင်းဝင်ရောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ Morgan သည် လူသတ်မှုကျူးလွန်ပြီးနောက် ရုရှားသို့ ပြန်လည်ထွက်ပြေးခဲ့သော်လည်း ဒူဘိုင်းရဲတပ်ဖွဲ့၏ CCTV မှတစ်ဆင့် ဖော်ထုတ်နိုင်မှုကြောင့် ရုရှားသို့အရောက်တွင် ဖမ်းဆီးရမိခဲ့သည်။ တရားခံသည် ပြစ်ဒဏ်မှလွတ်မြောက်ရန် ယူကရိန်းစစ်ပွဲတွင် စစ်သားအဖြစ်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိတွင် ရုရှားတရားရုံးက ၎င်းအား ၂ လကြာ ချုပ်မိန့်ပေးကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

21