ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ စက်ရုံတစ်ရုံတွင် ကြားခံအေးဂျင့်မှတစ်ဆင့် ၁၀ လခန့် အလုပ်လုပ်ကိုင်နေစဉ် မတရားအလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၄၁ ဦးသည် WAG အဖွဲ့၏ ကူညီမှုဖြင့် အလုပ်ပြန်လည်ရရှိခဲ့သည်။ အလုပ်သမားများ၏ အကူအညီတောင်းခံမှုကြောင့် ဒီဇင်ဘာ ၂၆ ရက်တွင် မြို့နယ် ဆဝါဒီကန် (အလုပ်သမားကာကွယ်ရေးနှင့် သက်သာချောင်ချိရေးရုံး) ၌ သွားရောက်တိုင်ကြားကာ ညှိနှိုင်းခဲ့ရာ နှစ်သစ်ကူးအပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် အလုပ်ပြန်လည်ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ထို့ပြင် အလုပ်သမားများအနေဖြင့် ဥပဒေအရသတ်မှတ်ထားသည့် အလုပ်ပိတ်ရက်များနှင့် အခြားအခွင့်အရေးများ ပုံမှန်ရရှိစေရန် စက်ရုံတာဝန်ရှိသူများက အာဏာပိုင်များရှေ့မှောက်တွင် ကတိလက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ လယောင်မြို့တွင် အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၄၁ ဦး အလုပ်ပြန်ရရှိရန် ညှိနှိုင်းပေးနိုင်ခဲ့
Dec 28 • 3:08 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


