ထိုင်းနိုင်ငံ၊ နွန်ဘူလမ်ဖူးပြည်နယ်၊ မောင်းခရိုင်ရှိ "မယ်ဖိုင်ဂျစ်" ရွှေဆိုင်တွင် ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းက ရဟန်းအယောင်ဆောင်ထားသူတစ်ဦးမှ ရွှေဆွဲကြိုးဝယ်ယူရန် ဟန်ဆောင်ကြည့်ရှုရာမှ ၁ ကျပ်သားတန် ရွှေဆွဲကြိုးအား လုယူထွက်ပြေးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ချက်ချင်းပိတ်ဆို့ရှာဖွေခဲ့ရာ ဆူဖန်ဘူရီပြည်နယ်တွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် သံသယရှိသူအား လုယူသွားသော ရွှေဆွဲကြိုးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ လက်ရှိတွင် ၎င်းအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
Dec 28 • 3:06 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


