ရွှေဘောလုံးဆုအတွက် အလားအလာအကောင်းဆုံးစာရင်းမှာ ပါဝင်လာတဲ့ မက်ဆီ

Dec 28 • 1:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရွှေဘောလုံးဆုအတွက် အလားအလာအကောင်းဆုံးစာရင်းမှာ ပါဝင်လာတဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာ နာမည်ကျော်အားကစားသတင်းဌာန Goal ရဲ့ ၂၀၂၆ ရွှေဘောလုံးဆုအတွက် အလားအလာအကောင်းဆုံး ကစားသမားဆယ်ဦးစာရင်းမှာ ပါဝင်လာခဲ့ပါတယ် ။ အင်တာမိုင်ယာမီအသင်းနဲ့ အ...

လီယွန်နယ်မက်ဆီဟာ နာမည်ကျော်အားကစားသတင်းဌာန Goal ရဲ့ ၂၀၂၆ ရွှေဘောလုံးဆုအတွက် အလားအလာအကောင်းဆုံး ကစားသမားဆယ်ဦးစာရင်းမှာ ပါဝင်လာခဲ့ပါတယ် ။ အင်တာမိုင်ယာမီအသင်းနဲ့ အကောင်းဆုံးပုံစံတွေ ပြသခဲ့ပြီး မေဂျာလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ မက်ဆီဟာ ဒီစာရင်းရဲ့ နံပါတ် ၉ နေရာမှာ ပါဝင်လာခဲ့တာပါ ။ထိပ်ဆုံးမှာတော့ ဘိုင်ယန်မြူးနစ် နဲ့ အင်္ဂလန်ဂိုးသွင်းရှင် ဟယ်ရီကိန်းက ဦးဆောင်နေကာ အာလင်းဟာလန်း ၊ အမ်ဘာပေတို့ကလည်း Top Three မှာ အားပြိုင်နေကြပါတယ် ။ အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကလည်း နံပါတ် ၅ နေရာမှာ ပါဝင်လာခဲ့တာပါ။ ၂၀၂၆ ခုနှစ်ရဲ့ ရွှေဘောလုံးဆုကို အောက်တိုဘာလထဲမှာ ပေးအပ်သွားမှာဖြစ်ပြီး အခုဘောလုံးရာသီအပြင် ကမ္ဘာ့ဖလားပြိုင်ပွဲက ရလဒ်တွေကလည်း သက်ရောက်မှု ရှိလာဦးမှာပါ ။

news-view-count-icon

32