ထိုင်းနိုင်ငံ အဝေးပြေလမ်းဌာနသည် နှစ်သစ်ကူးရုံးပိတ်ရက် ခရီးသွားပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များအတွက် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၆ ဇန်နဝါရီလ ၅ ရက်အထိ နိုင်ငံတစ်ဝန်းရှိ Camping Site ၃၉ ခုတွင် အခမဲ့ စခန်းချနားနေခွင့်ပြုမည်ဟု ကြေညာလိုက်သည်။ အဆိုပါစခန်းများတွင် ရွက်ဖျင်တဲထိုးမည့်နေရာ၊ ကားပါကင်၊ သောက်သုံးရေနှင့် အိမ်သာဝန်ဆောင်မှုများကို အခမဲ့ပေးအပ်ထားပြီး မြောက်ပိုင်းတွင် ၃၀ နေရာ၊ အရှေ့မြောက်ပိုင်းတွင် ၄ နေရာ၊ အလယ်ပိုင်းတွင် ၄ နေရာနှင့် တောင်ပိုင်းတွင် ၁ နေရာတို့ ပါဝင်သည်။ ချင်းမိုင်၊ လန်းပန်း၊ ကန်ချနဘူရီနှင့် ခေါင်ခိုး အစရှိသည့် အထင်ကရနေရာများ ပါဝင်ကာ ကြိုတင်စာရင်းပေးလိုသူများအနေဖြင့် Hotline 1586 သို့ ၂၄ နာရီပတ်လုံး အခမဲ့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် လာရောက်သူများအနေဖြင့် နေရာသန့်ရှင်းရေးကို ကူညီထိန်းသိမ်းပေးရန် တိုက်တွန်းထားသည်။


