ပြင်ဦးလွင်မြို့တွင် ဘူတာကြီးအဆင့်မြှင့်တင်မှု၊ မြို့မဈေးအဆင့်မြှင့်တင်မှုနှင့် ရတနာပုံဆိုက်ဘာစီးတီး ပြန်လည်စတင်မည့် စီမံကိန်းသတင်းများကြောင့် မြေဈေးများ သိသိသာသာ ထိုးတက်သွားကြောင်း သိရသည်။ အထူးသဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခရီးစဉ်အပြီးနောက်ပိုင်းတွင် ယခင်က သိန်း ၆၀၀ ခန့်သာရှိသော မြေကွက်များမှာ သိန်း ၁,၀၀၀ ဝန်းကျင်အထိ ဈေးခေါ်ယူမှုများ ရှိလာခဲ့သည်။ ဈေးကွက်အတွင်း အဝယ်လိုက်နေသော်လည်း အရောင်းအဝယ်ပြုလုပ်ရာတွင် မြေစာရွက်စာတမ်းများ စိတ်ချရမှုရှိစေရန် စနစ်တကျ စစ်ဆေးဝယ်ယူကြဖို့ ဝါရင့်အကျိုးဆောင်များနှင့် ရှေ့နေများက သတိပေးထားသည်။
Dec 28 • 1:40 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 53 | 0 | 0 | 0 |


