မန္တလေးမြို့မှာ အခုမနက်တနာရီဝန်းကျင်မှာ ပေါက်ကွဲသံ တွေ ဆက်တိုက်ကြားနေ ရတယ်လို့ မြို့ခံ တွေကပြောပါတယ်။ရွေးကောက်ပွဲလုပ်ဖို့ နာရီပိုင်းအလို ဒီဇင်ဘာ၂၈ရက် နေ့၊ဒီနေ့မနက် အစော ၁နာရီမှာ မြို့တွင်းမြို့ပြင်အားလုံးနီးပါး ပေါက်ကွဲသံ တွေကြားရတာလို့ ဒေသခံတွေကပြောပါတယ်။ပေါက်ကွဲတဲ့ နေရာ တွေကို မသိရ ပေမယ့် အသံ တွေကို မန္တလေးမြောက်ပြင် ၁ဝ လမ်းကနေ ၁၁၀(မနော်ဟရီလမ်း)နေသူ တွေအထိ ကြားရတယ်လို့ သိရပါတယ်။



