ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးဈေးကြီးမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံးရှိ စားသုံးသူများအတွက် နေ့စဉ် ရေချိုထွက်ကုန် ပိဿာချိန် ၃ သိန်းခန့်နှင့် ရေငန်ထွက်ကုန် ပိဿာချိန် ၁ သိန်းခွဲခန့်ကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း ဈေးသာယာရေးအဖွဲ့ထံမှ သိရသည်။ အဆိုပါဈေးကြီးသို့ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ မွေးမြူရေးငါးနှင့် သဘာဝငါး အမယ်ပေါင်း ၄၀ ကျော် ဝင်ရောက်လျက်ရှိပြီး ဒေသတွင်းစားသုံးမှုအပြင် ဘင်္ဂလားဒေ့ရှ်၊ ဒူဘိုင်း၊ ဆော်ဒီအာရေဗျနှင့် ကာတာနိုင်ငံများသို့လည်း ငါးမြစ်ချင်းများကို အဓိကတင်ပို့လျက်ရှိကာ ပြည်တွင်းရေထွက်ကုန်ကဏ္ဍတွင် အရေးပါသော ကုန်စည်စီးဆင်းမှုဗဟိုချက်အဖြစ် ရပ်တည်နေသည်။
Dec 28 • 1:33 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 24 | 0 | 0 | 0 |


