မွေထိုင်းလောကမှာ ကျင်လည်နေတာကြာပြီဖြစ်တဲ့ မြန်မာ့လက်ဝှေ့ ဖိုက်တာ ရဲရင့်နောင့် ဟာ ယနေ့မှာ ထိုင်းနိုင်ငံ ရဲ့ နာမည်ကြီး Training Camp ဖြစ်တဲ့ Venum Training Camp နဲ့ ပူးပေါင်းလေ့ကျင့်ဖို့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ရဲရင့်နောင် ဟာ အသက်အရွယ်ငယ်ပေမယ့် မွေထိုင်း အတွေ့အကြုံက အတန်အသင့်ရှိပါတယ်။ One Champship ကလွဲရင် ကျန်နာမည်ကြီး Promotion ပြိုင်ပွဲတွေမှာ ထိုးဖူးတဲ့ ဖိုက်တာလေးပါ။ မကြာခင် One Champship မှာ မြင်ရမည့် နောက်ထပ် မြန်မာဖိုက်တာ ဆိုရင်လည်း မမှားပါဘူး။



