back

မြောက်ဦးမြို့ ကိုးသောင်းဘုရားအနီးတွင် အသတ်ခံထားရသည့် အမျိုးသား ရုပ်အလောင်း ၁ လောင်း တွေ့ရှိ

Dec 27 • 1:38 PM

breaking-news

မြန်မာ

ရခိုင်

cover

မြောက်ဦးမြို့ ကိုးသောင်းဘုရားအနီးတွင် အသတ်ခံထားရသည့် အမျိုးသား ရုပ်အလောင်း ၁ လောင်း တွေ့ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ကိုးသောင်းဘုရားအနီး လက်ဝဲပိစိစေတီ ကုန်းခြေရင်းတွင် အသတ်ခံထားရသည့် အမျိုးသား လူသေအလောင်း ၁ လောင်းကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၈ နာရီခ...

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ကိုးသောင်းဘုရားအနီး လက်ဝဲပိစိစေတီ ကုန်းခြေရင်းတွင် အသတ်ခံထားရသည့် အမျိုးသား လူသေအလောင်း ၁ လောင်းကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၈ နာရီခန့်တွင် ဒေသခံများက တွေ့ရှိခဲ့ကြောင်း သိရသည်။သေဆုံးသူမှာ မြောက်ဦးမြို့နယ်၊ မောင်သာကုန်း ကျေးရွာနေ အဖ ဦးစံရွှေ၏ သား အသက် ၃၈ နှစ်အရွယ် ဦးအောင်သန်းထွန်း (ခ) ပေါက်စ ဖြစ်ကြောင်း သိရသည်။အသတ်ခံရထားရသည့် အလောင်းတွင် ညာဘက် လည်ပင်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဘယ်ဘက် ဂျိုင်း ပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ ညာဘက် လက်ညိုး ပြတ်ရှဒဏ်ရာ ၂ ချက်နှင့် ဘယ်ဘက် လက်သန်း ပွန်းပဲ့ဒဏ်ရာ ၁ ချက်တို့ ရရှိထားကြောင်း သိရသည်။ထို့အပြင် သေဆုံးသူ ဝတ်ဆင်ထားသည့် လက်စွပ် ၁ ကွင်း၊ နားကွင်း ၁ ဖက်နှင့် အဖြူစပ် အမည်းရောင် Wave-100 ဆိုင်ကယ် ၁ စီး ပျောက်ဆုံးနေကြောင်းလည်း သတင်းရရှိသည်။






news-view-count-icon

33