back

မြန်မာလုပ်သားအမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံမှာ ဆိုင်ကယ်တိုက်ခံရပြီး ဆေးကုသနေရင်း ၁၁ ရက်‌အကြာကွယ်လွန်

Dec 27 • 1:21 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မြန်မာလုပ်သားအမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံမှာ ဆိုင်ကယ်တိုက်ခံရပြီး ဆေးကုသနေရင်း ၁၁ ရက်‌အကြာကွယ်လွန်

မြန်မာလုပ်သားအမျိုးသမီးတစ်ဦး အလုပ်ကအပြန် ဆိုင်ကယ်တိက်ခံရပြီး သတိလစ်မေ့မြောနေရာက ဆေးကုသမှုခံယူနေစဉ် ၁၁ ရက်အကြာမှာသေဆုံးခဲ့တဲ့ဖြစ်စဉ် ထိုင်းနိုင်ငံ၊ လယောင်မြို့မှ...


မြန်မာလုပ်သားအမျိုးသမီးတစ်ဦး အလုပ်ကအပြန် ဆိုင်ကယ်တိက်ခံရပြီး သတိလစ်မေ့မြောနေရာက ဆေးကုသမှုခံယူနေစဉ် ၁၁ ရက်အကြာမှာသေဆုံးခဲ့တဲ့ဖြစ်စဉ် ထိုင်းနိုင်ငံ၊ လယောင်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံကနေ သိရပါတယ်။ ဖြစ်စဉ်က ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ အီလက်ထရောနစ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာ ဘတ်အသစ် အလုပ်သမား မသင်းသင်းခိုင် အသက် ၄၀ နှစ်ဆိုသူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်၊ ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ အလုပ်ကအပြန် ဖယ်ရီကားပေါ်က‌နေဆင်းပြီးလမ်းဖြတ်ကူးချိန် ဆိုင်ကယ်အတိုက်ခံရတာကြောင့် ဒဏ်ရာရပြီးသတိလစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဆေးကုသမှုခံယူနေရင်း မနေ့က ဒီဇင်ဘာ ၂၆ ရက် ည ၁၀ နာရီ ဝန်းကျင်ခန့်မှာ ဆေးကုသနေရင်း ရရှိတဲ့ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တယ်လို့ သိရပါသည်။



news-view-count-icon

10