တရုတ်နိုင်ငံ၏ အအေးဆုံးဝင်ရိုးစွန်းမြို့ဖြစ်သည့် အတွင်းမွန်ဂိုလီးယားဒေသ ဟူးလွန်ပေ့အယ်မြို့ ကန်းဟယ်မြို့လေးသည် ဒီဇင်ဘာ ၂၆ ရက် နံနက်ခင်းတွင် အပူချိန်သည် အနုတ် ၄၅ ဒီဂရီ စင်တီဂရိတ် ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း အေးခဲလှသောရာသီဥတုသည် လူနေမှုဘဝခြေလှမ်းများကို မရပ်တန့်သွားစေခဲ့ပေ။ နံနက်ခင်းဈေးလည်း အချိန်မှန်ဖွင့်လှစ်ပြီး မြို့သူ၊ မြို့သားများကလည်း ပုံမှန်အတိုင်း ဈေးဝယ်ထွက်နေကြသည်။ ဒေသအသီးသီးမှ ခရီးသွားဧည့်သည်များနှင့် လိုက်ဖ်လွှင့်သူများကမူ ကင်မရာဖြင့် အဆိုပါရေခဲဆီးနှင်းမြင်ကွင်းကို မှတ်တမ်းတင်နေကြသည်။



