၂၇.၁၂.၂၀၂၅ ရက်နေ့၊ ၁၁ နာရီ၁၂ မိနစ်အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်၊ သောက်တော်တွင်း (၁)လမ်းတွင် Gas ဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။၁၁နာရီ ၂၃မိနစ် အချိန် မီးထိန်းပါသည်။၁၁နာရီ ၂၅ မိနစ်အချိန် မီးငြိမ်းပါသည်။



