ထိုင်းနိုင်ငံတွင် အထောက်အထားမပြည့်စုံသည့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် အလုပ်သမားများအတွက် "e-WorkPermit" အွန်လိုင်းစနစ်ဖြင့် နေထိုင်လုပ်ကိုင်ခွင့် (ဘတ်) လျှောက်ထားရာတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ လျှောက်ထားသူပေါင်း ၇၂၅,၀၀၀ ကျော်ရှိခဲ့ပြီး သတ်မှတ်ရည်မှန်းချက်ထက် ပိုမိုများပြားခဲ့ကြောင်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန (DOE) က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမည်စာရင်းတင်ထားသူများသည် သွေးစစ်ခြင်း၊ လက်ဗွေနှိပ်ခြင်းနှင့် အလုပ်လုပ်ခွင့်အတွက် ငွေသွင်းခြင်းများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်အထိ ဆောင်ရွက်ရမည်ဖြစ်ကာ၊ လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) များကို ၂၀၂၆ မတ်လ ၂၆ ရက်တွင် နောက်ဆုံးထားထုတ်ပေးပြီး နေထိုင်ခွင့်သက်တမ်း တစ်နှစ် (၂၀၂၆ ဒီဇင်ဘာလ ၁၁ ရက်အထိ) ရရှိမည်ဖြစ်သည်။ Work Permit ရရှိပြီးပါက ပတ်စပို့ရှိသူများအနေဖြင့် Non-LA Visa လျှောက်ထားနိုင်ပြီး၊ ပတ်စပို့မရှိသူများမှာမူ CI စာအုပ်ထုတ်ပေးမည့်ကာလတွင် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် "e-WorkPermit" စနစ်ဖြင့် ဘတ်လျှောက်ထားသည့် အလုပ်သမား ၇ သိန်းကျော်ရှိပြီး ရည်မှန်းချက်ထက် ကျော်လွန်
Dec 27 • 4:20 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


