YBS-117 ယာဥ်လိုင်း မြောက်ဒဂုံမြို့နယ်အတွင်းလမ်းကြောင်းအနည်းငယ်ပြောင်းလဲပြေးဆွဲသွားမယ်လို့သိရပါတယ်။၂၀၂၆ခုနှစ်၊ ဇန်နဝါရီ က စတင်ပြီး မဟာဗန္ဓုလသယ်ယူပို့ဆောင်ရေး လက်အောက်ရှိ YBS 117 ယာဥ်လိုင်း ကို အရင်ပြေးဆွဲနေတဲ့ မြောက်ဒဂုံ ပင်လုံလမ်းမအတိုင်းမပြေးဆွဲတော့ဘဲ တပင်ရွှေထီးလမ်းမဘက် ကနေ အသွား၊အပြန်ပြောင်းလဲပြေးဆွဲသွားမှာဖြစ်ပါတယ်လို့ " 117 ယာဉ်လိုင်းက အသိပေးပြောပါတယ်။ပြောင်းလဲပြေးဆွဲမယ့် YBS 117 ခရီးစဥ်လမ်းကြောင်းမှာ ဂိတ်ရင်း ဒဂုံတက္ကသိုလ် - ဘုန်းကြီးကျောင်းကွေ့ - ၇/၈လမ်းဆုံ - ကုန်ပဒေသာ - တပင်ရွှေထီးလမ်း - ဦးဝိစာရလမ်း - နာရီစင် - ပါရမီ(ညောင်ပင်) - ကမ္ဘာအေးဘုရား - (၈)မိုင်ပန်းခြံ - ပြည်လမ်း - လှည်းတန်း - အထက်/အောက်ကြည့်မြင်တိုင်လမ်း - သခင်မြပန်းခြံ ဂိတ်ဖျား ဖြစ်တယ်လို့သိရပါတယ်။တပင်ရွေထီးလမ်းပေါ်ကဘာကားမှမရှိဘူး။အခုလို ပြေးဆွဲ ပေးတာကောင်းပါတယ်လို့ " စီးနင်းနေသူခရီးသည်တစ်ဦးကပြောပါတယ်။၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီ ၁ ရက် က စပြီး YBS-117 ယာဥ်လိုင်းလက်ရှိပြေးဆွဲ နေတဲ့ လမ်းကြောင်းအစား အနည်းငယ် ပြောင်းလဲပြေးဆွဲသွားမှာလည်းဖြစ်ပါတယ်။



