နေပြည်တော် ရေပန်းဥယျာဉ် ဒီဇင်ဘာပန်းပြပွဲကို ၇ ရက်တိုင်တိုင် ကျင်းပမည်

Dec 27 • 1:23 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော် ရေပန်းဥယျာဉ် ဒီဇင်ဘာပန်းပြပွဲကို ၇ ရက်တိုင်တိုင် ကျင်းပမည်

နေပြည်တော် ရေပန်းဥယျာဉ်တွင် ကျင်းပလျက်ရှိသည့် ဒီဇင်ဘာပန်းပြပွဲ ကို ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်အထိ ၇ ရက်ကြာ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲတွင် ၂၀၂၆ ခုနှစ...

နေပြည်တော် ရေပန်းဥယျာဉ်တွင် ကျင်းပလျက်ရှိသည့် ဒီဇင်ဘာပန်းပြပွဲ ကို ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်အထိ ၇ ရက်ကြာ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲတွင် ၂၀၂၆ ခုနှစ် မတ်လ ပန်းပွဲတော်အတွက် ကြိုတင်စိုက်ပျိုးထားသော ပန်းအမျိုးအစား ၆ မျိုး၊ အပင်ပေါင်း နှစ်သိန်းကျော်ကို ခင်းကျင်းပြသထားပြီး အများပြည်သူ အနားယူအပန်းဖြေနိုင်ရန် နေရာသစ်များကိုလည်း တိုးချဲ့ထားသည်။ ဝင်ကြေးအဖြစ် တစ်ဦးလျှင် ၁,၀၀၀ ကျပ် သတ်မှတ်ထားကာ ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးညတွင် တေးဂီတဖျော်ဖြေပွဲများကိုပါ ထည့်သွင်းစီစဉ်ထားသဖြင့် လာရောက်လည်ပတ်သူ များပြားမည်ဟု ခန့်မှန်းရသည်။

news-view-count-icon

19