သရုပ်ဆောင် ခင်လှိုင်ရဲ့ သားအကြီးဆုံးဖြစ်သူဟာ သူ တည်ထောင်ထားတဲ့ မိသားစုကို စွန့်ပစ်ပြီး နောက်ထပ်အိမ်ထောင်တစ်ခုကို တည်ထောင်ခဲ့လို့ မိသားစုက အမွေဖြတ်စွန့်လွှတ်ခဲ့တယ်လို့ သိရပါတယ်။ ဇနီးသည်ဖြစ်သူ ၊ ခင်လှိုင်ရဲ့ ချွေးမအကြီးဆုံးဖြစ်သူက သူမရဲ့ မွေးနေ့ပွဲကိုသာ မကျင်းပဖြစ်ခဲ့ရင် သူမ ခင်ပွန်းကို လက်လွှတ်ဆုံးရှုံးရမှာမဟုတ်ဘူးလို့ ဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ ခင်ပွန်းသည်ဟာ အဆိုပါပွဲကိုလာရောက်တဲ့ သူငယ်ချင်းတွေထဲက အသိတစ်ဦးနဲ့ ဖောက်ပြန်သွားခဲ့တာဖြစ်ပြီး တည်ဆောက်ထားခဲ့တဲ့ အိမ်ထောင်ရေးမှာလည်း သမီးလေးနှစ်ဦး မွေးဖွားခဲ့ပါတယ်။ ချွေးမအကြီးဆုံးဖြစ်တဲ့ သူမကတော့ တင်ဆက်ထားတဲ့ပုံတွေထဲမှာ ဖောက်လွှဲဖောက်ပြန်လုပ်ခဲ့သူ အမျိုးသမီးပါဝင်တယ်လို့ မသိမသာ ရေးသားဖော်ပြထားပါတယ်။
သရုပ်ဆောင် ခင်လှိုင်ရဲ့ ချွေးမဟာ သူ့မွေးနေ့ပွဲကိုသာ မလုပ်ခဲ့ရင် ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရမှာမဟုတ်ဘူးဟုဆိုလာ
Dec 27 • 12:54 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 54 | 0 | 0 | 0 |



