back

ကမြောကင်းတံတားဂိတ်ကို ဒရုန်းဖြင့်ဗုံးချပြီးအမျိုးသမီးတစ်ဦးဒဏ်ရာရ

Dec 26 • 2:00 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ကမြောကင်းတံတားဂိတ်ကို ဒရုန်းဖြင့်ဗုံးချပြီးအမျိုးသမီးတစ်ဦးဒဏ်ရာရ

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားတွင် လောင်းလုံးမြို့နယ်ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၅ ရက် ညသန်းခေါင်တွင် ဗုံးချတို...

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားတွင် လောင်းလုံးမြို့နယ်ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၅ ရက် ညသန်းခေါင်တွင် ဗုံးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ ဗုံးမှာ တံတားဂိတ်ဧရိယာရှိ နေအိမ်တစ်လုံးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တွင် အိပ်ပျော်နေသည့် အမျိုးသမီးတစ်ဦး ခြေထောက်တွင် ဒဏ်ရာရကာ ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ခရစ္စမတ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကျင်းပနေသည့် ထားဝယ်မြို့ ကမ်းနားလမ်းရှိ တေးဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် လူငယ်အချင်းချင်း ခိုက်ရန်နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ 


news-view-count-icon

36