ကျိုက်ထီးရိုးဘုရားဖူးဧည့်သည်များ အစာအဆိပ်သင့်မှုကင်းဝေးစေရေး ကျန်းမာရေးစောင့်ရှောင့်မှုများပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသိပေးထားသည်။အစားအစာရောင်းချနေသည့် ဆိုင်ရှင်များကို စီးပွားရေးသက်သက်ထက် ကျန်းမာရေးအသိပညာဝေမျှပေးခြင်း၊ ထမင်းဟင်းချက်ရာတွင် အသုံးပြုသည့် ဆီနှင့် ပါဝင်ပစ္စည်းများ သန့်ရှင်းမှု ရှိ၊ မရှိ၊ အလွယ်တကူ ပုပ်သိုးနိုင်သော အစားအစာများကို စနစ်တကျ သိမ်းဆည်းခြင်း ရှိ၊ မရှိ၊ ယင်ကောင်မနားစေရန် ဖုံးအုပ်ထားခြင်းနှင့် ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေခြင်း စသည့်အချက်များကို သတိပေးနှိုးဆော်ကာ စစ်ဆေးပေးနေကြောင်း ဆိုသည်။


