back

ကရင်ပြည်နယ်ကတစ်ဆင့် ထိုင်းဘက်သို့ အလုပ်သွားလုပ်ကြမယ့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၆ဦး ဖမ်းဆီးခံရ

Dec 26 • 5:02 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်ကတစ်ဆင့် ထိုင်းဘက်သို့ အလုပ်သွားလုပ်ကြမယ့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၆ဦး ဖမ်းဆီးခံရ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှတဆင့် ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှာ အလုပ်သွားလုပ်ကြမယ့် အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၆ ယောက်ကို တာခ်ရိုင် တာဆော...

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှတဆင့် ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှာ အလုပ်သွားလုပ်ကြမယ့် အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၆ ယောက်ကို တာခ်ရိုင် တာဆောင်ရမ်းမြို့ မဲ့ခလူးကျေးရွာမှာ ထိုင်းစစ်တပ်က ယမန်နေ့ည လှည့်ကင်းဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ရွှေ့ပြောင်းမြန်မာလုပ်သမား ကျား၄ ယောက်၊ မ ၁၂ ယောက် စုစုပေါင်း ၁၆ ယောက်ဟာ မြန်မာပြည်တွင်းမှာ အလုပ်အကိုင် အဆင်မပြေတာကြောင့် တယောက်လျှင် ဘတ်ငွေ ၁၅,၀၀၀ ပေးပြီး လာရောက်စဉ် ဖမ်းဆီးခံခဲ့ရတာပါ။ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေအား တာဆောင်ရမ်းမြို့မရဲစခန်းကို လွှဲပြောင်းလိုက်ပြီး ထိုင်းနိုင်ငံ တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

news-view-count-icon

71