တရုတ်နိုင်ငံသည် ဆော်ဒီရေနံကုမ္ပဏီကြီး Saudi Aramco (ဆော်ဒီ အရမ်ကို) အတွက် "အလွန်အရေးပါ၍ အချက်အချာကျသော ဈေးကွက်" ဖြစ်သကဲ့သို့ "ကာလရှည် မဟာဗျူဟာမြောက်မိတ်ဖက်" လည်းဖြစ်ကြောင်း အဆိုပါ ရေနံကုမ္ပဏီ၏ အမှုဆောင်တစ်ဦးက မကြာသေးမီက ပြောကြားခဲ့ကာ တရုတ်နိုင်ငံ၏ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှု အလားအလာတို့နှင့် ပတ်သက်၍လည်း အပြုသဘောဆောင် ပြောကြားခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ စတင်ခဲ့သည့် ယင်းကုမ္ပဏီမှာ ယခုဆိုလျှင် တရုတ်နိုင်ငံ၌ ပြည်ပသုတေသနနှင့် တီထွင်ထုတ်လုပ်မှုဆိုင်ရာ အဖွဲ့နှစ်ဖွဲ့ထားရှိသလို အာရှဒေသတွင် ယင်း၏အကြီးမားဆုံး လုပ်ငန်းရင်းနှီးမြှုပ်နှံမှုအဖွဲ့သည်လည်း တရုတ်နိုင်ငံတွင် အခြေစိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှာ အချက်အချာကျသောဈေးကွက်၊ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ဟု ဆော်ဒီရေနံကုမ္ပဏီကြီး Aramco ၏ အမှုဆောင် ပြောကြား
Dec 26 • 3:55 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


