ရှမ်းပြည်နယ်၊တီကျစ်မြို့အနီး ကား ၃ စီး တိုက်မှု ၃ ဦးဒဏ်ရာရ

Dec 26 • 3:54 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တီကျစ်မြို့အနီး ကား ၃ စီး တိုက်မှု ၃ ဦးဒဏ်ရာရ

ရှမ်းတောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်မြို့၊ လှည်းကြားရွာ အနီးတွင် ကား ၃ စီးတိုက်မှု ဖြစ်ပွား ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ဒီဇင်ဘာ ၂၅ ...

ရှမ်းတောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်မြို့၊ လှည်းကြားရွာ အနီးတွင် ကား ၃ စီးတိုက်မှု ဖြစ်ပွား ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၁၀ နာရီကျော်တွင် ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရရှိသည့် အပြင် ကား ၃ စီး စ လုံးလည်း အများအပြား ပျက်စီးသွားကြောင်း ပြောသည်။"အဲနားက လမ်းကောင်းတယ်။ တောင်ဘက်နေလာတဲ့ ကားအချင်းချင်း ကျော်ဖို့လုပ်ရင်း မြောက်ဘက် လာတဲ့ ကားနဲ့ တိုက်မိပြီး နောက်ကားတစ်စီးလည်း အရှိန်မထိန်းနိုင်ဘဲ ၃ စီး တိုက်မှု ဖြစ်သွားတာ။ ၃ ဦး တော့ ဒဏ်ရာရတယ်။ တစ်ဦးတော့ ခြေထောက်ကျိုးပြီး ဒဏ်ရာပြင်းထန်တယ်"ဟု မျက်မြင်ဒေသခံ တစ်ဦးက ပြောသည်။ဒဏ်ရာရရှိ သူများကို ကယ်ဆယ်ရေး အဖွဲ့ဝင်များက တီကျစ်ဆေးရုံသို့ ပို့ဆောင်ပေးပြီး ခြေထောက်ကျိုး သူကို ကယ်ဆယ်ရေးအဖွဲ့က တောင်ကြီးမြို့ စပ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောသည်။

news-view-count-icon

37