မန်ချက်စတာယူနိုက်တက်နည်းပြ အာမိုရင်မ် က လူငယ်ကွင်းလယ်လူ ကိုဘီမိန်နူး သည် အသင်း၏အနာဂတ်အတွက် အလွန်အရေးကြီးသော ကစားသမားဖြစ်သောကြောင့် မည်သည့်အသင်းသို့မျှ ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အသက် ၂၀ အရွယ်ရှိ မိန်နူးသည် ယခုရာသီတွင် ကစားခွင့်နည်းပါးနေသဖြင့် နာပိုလီအသင်းသို့ အငှားသွားရောက်ကစားရန် ဆန္ဒရှိနေသော်လည်း၊ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဒဏ်ရာရရှိသွားချိန်တွင် မိန်နူးအတွက် အခွင့်အရေးများ ရရှိလာတော့မည်ဖြစ်၍ ၎င်းကို အသင်း၌သာ ဆက်လက်ထိန်းသိမ်းထားရန် အာမိုရင်မ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
Dec 26 • 3:34 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 29 | 0 | 0 | 0 |


