back

ရှမ်းပြည်နယ်၊ပင်လောင်း ဒေသခံများ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

Dec 26 • 3:10 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ပင်လောင်း ဒေသခံများ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော ဒေသခံများသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သ...

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော ဒေသခံများသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။၂ နှစ်ကျော်ကြာ ပဋိပက္ခများကြောင့် တိမ်းရှောင်ရပြီးနောက် ယခုနှစ် ၂၀၂၅ အောက်တိုဘာလမှ စ၍ နေရပ်သို့ ပြန်လာကြသော နန်းနိမ့်ဒေသခံများသည်ပျက်စီးသွားသော ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း ‌ဒေသခံများက ပြောသည်။ထို့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဒေသခံများ၏ ‌တောင်ယာခြံနှင့် တောင်ယာသွားလမ်းတွင် မြေမြှုပ်မိုင်းများကို သေချာရှင်းလင်း ပေးစေလိုကြောင်းနှင့် မြေမြှုပ်မိုင်း အန္တရာယ် အသိပညာပေးများကိုလည်း လုပ်ဆောင်စေလိုကြောင်း ၎င်းက ဆက်ပြောသည်။

news-view-count-icon

26