ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်း နမ့်လုံချောင်းတစ်လျှောက်တွင် တရုတ်လုပ်ငန်းရှင်နှင့် ပြည်တွင်းစီးပွားရေးသမားများ ပူးပေါင်းပြီး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်းနေကြောင်း ဒေသခံများက ပြောသည်။ မိုင်းဖြတ်မြို့နယ် ဝမ်ပုံရွာနှင့် မိုင်းဟဲရွာရှိ နမ့်လုံချောင်းဘေးတစ်လျှောက် ဒေသခံများ၏ စိုက်ပျိုးရေး လယ်ယာမြေများကို လုပ်ငန်းရှင်များက ဈေးကြီးပေး ဝယ်ယူပြီး ယခုနှစ်လယ်ပိုင်းမှ စ၍ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေကြောင်း မိုင်းဖြတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ ယခု ရွှေတူးဖော်နေသည့် နမ့်လုံချောင်းသည် ကျိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်တို့ကို ဖြတ်သန်း၍ နမ့်လင်းချောင်းအတွင်းသို့ စီးဝင်သည်။ “ရွှေကတော့ သူတို့ (စီးပွားရေးလုပ်ငန်းရှင်) ထင်သလောက် မထွက်ဘူး ပြောတယ်။ ဒါပေမယ့် အခုသူတို့ တူးနေတာက သဘာဝပတ်ဝန်းကျင်ကို တော်တော်လေး ပျက်စီးစေတယ်။ ရွှေတူးပြီးနောက်ပိုင်း ချောင်းရေတွေလည်း မကြည်တော့ဘူး။ အောက်ပိုင်းမှာရှိတဲ့ လူတွေလည်း ရေသုံးလို့ မရတော့သလို စိုက်ပျိုးရေးလည်း လုပ်လို့မရတော့ဘူး”ဟု အဆိုပါ မိုင်းဖြတ်ဒေသခံ အမျိုးသားက ထပ်လောင်းပြောသည်။ 
ရှမ်းပြည်နယ်၊မိုင်းဖြတ်မြို့နယ် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်းကာ လယ်ယာစိုက်ပျိုးရေးထိခိုက်နေ
Dec 26 • 3:09 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 26 | 0 | 0 | 0 |


