ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ဟိုယန်းကျေးရွာရှိ ကျိုင်းတုံရေတံခွန်အပန်းဖြေစခန်း၌ ပထမဆုံးအကြိမ် ပန်းပွဲတော် ကို ဒီဇင်ဘာလ ၂၄ ရက်မှ စတင်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်အထိ (၁၆) ရက်ကြာ ကျင်းပလျက်ရှိသည်။ ပွဲတော်အတွင်း တေးဂီတအဖွဲ့များ၏ ဖျော်ဖြေမှုများ၊ Free Show များအပြင် ဒေသထွက်ကုန်နှင့် အစားအစာ အရောင်းဆိုင်ခန်းများဖြင့် စည်ကားစွာ ပြင်ဆင်ထားသည်။ တစ်ချိန်တည်းမှာပင် ကျိုင်းတုံမြို့အနီးရှိ လွိုင်မွေတောင်စခန်း ၌လည်း ချယ်ရီပန်းများပွင့်ချိန်နှင့်အညီ (၅) ကြိမ်မြောက် ချယ်ရီပန်းပွဲတော် ကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပလျက်ရှိရာ ယခုပိတ်ရက်ရှည်အတွင်း ကျိုင်းတုံဒေသသို့ လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ကျိုင်းတုံရေတံခွန်တွင် ပထမဆုံးအကြိမ် ပန်းပွဲတော်ကို စည်ကားစွာ စတင်ကျင်းပ
Dec 26 • 2:10 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 15 | 0 | 0 | 0 |


