ဘန်ကောက်မှာ နယူးရီးယား နေ့၌လမ်းမပိတ်ဖို့ ဒရုန်းတွေ အဆင်သင့်လုပ်ထားပြီဖြစ်

Dec 26 • 2:04 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်မှာ နယူးရီးယား နေ့၌လမ်းမပိတ်ဖို့ ဒရုန်းတွေ အဆင်သင့်လုပ်ထားပြီဖြစ်

ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ နယူးရီးယားပိတ်ရက် လမ်းတွေအကြီးအကျယ်ပိတ်နိုင်တဲ့အတွက် ဒရုန်းတွေကနေမှာ စောင့်ကြည့်ပြီး လမ်းရှင်းဖို့လုပ်မယ်လို့ Metropolitan Police Bure...

ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ နယူးရီးယားပိတ်ရက် လမ်းတွေအကြီးအကျယ်ပိတ်နိုင်တဲ့အတွက် ဒရုန်းတွေကနေမှာ စောင့်ကြည့်ပြီး လမ်းရှင်းဖို့လုပ်မယ်လို့ Metropolitan Police Bureau (MPB) က ပြောပါတယ်။ ဒီဇင်ဘာ ၃၀ ရက်ကနေ ဇန်နဝါရီ ၅ ရက်နေ့ကနေ လူသေမှုတွေ လျှော့ချဖို့၊ ကားအက်စီးဒင့်ဖြစ်တာတွေလျှော့ဖို့ လုပ်မှာဖြစ်ပြီး အရေးပေါ် ယာဥ်လမ်းကြောင်းစီမံခန့်ခွဲရေး စင်တာတွေ၊ ကင်းလှည့်တာတွေကို အကြိမ်ရေတိုးတာတွေနဲ့ Special Traffic Lane ဆောင်ရွက်တာတွေရှိမှာပါ။ဒါ့အပြင် ဘန်ကောက်တစ်ဝိုက် မူးပြီး ကားမောင်းသူတွေ၊ လမ်းပြောင်းပြန်မောင်းသူတွေ၊ ဦးထုပ်မပါသူ၊ ခါးပတ်မပတ်သူတွေ၊ ဖုန်းမပြောသူတွေကိုလည်း အရေးယူမယ်လို့ ဆိုပါတယ်။ကျောက်ဖယားမြစ်တစ်လျှောက် တံတားတွေပေါ်မှာ ကားမရပ်ဖို့လည်း တိုက်တွန်းထားပြီး Sathorn Bridge လိုနေရာမျိုးမှာ ကား မရပ်ဖို့ တိုက်တွန်းထားပါတယ်။

news-view-count-icon

14