back

တောင်ကိုရီးယားရဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေး အစီအစဉ်ဟာ မတည်ငြိမ်မှု ဖြစ်လာစေနိုင်ဟု မြောက်ကိုရီးယား သတိပေး

Dec 25 • 9:05 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားရဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေး အစီအစဉ်ဟာ မတည်ငြိမ်မှု ဖြစ်လာစေနိုင်ဟု မြောက်ကိုရီးယား သတိပေး

တောင်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်မယ့်အစီ အစဉ်ဟာ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်လာစေမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျော...

တောင်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်မယ့်အစီ အစဉ်ဟာ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်လာစေမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျောင်အန် က ပြောကြားခဲ့ပြီး အဆိုပါအစီအစဉ်ဟာ မြောက်ကိုရီးယားရဲ့ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက် မှုတစ်ခုလို့ ဆိုပါတယ်။တန်ချိန် ၈,၇၀၀ ရှိ နျူစွမ်းအင်သုံး မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောတစ် စင်း တည်ဆောက်မှုကို စစ်ဆေးရေးခရီးစဉ်အတွင်း သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။တောင်ကိုရီးယားရဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်မယ့် အစီအစဉ်ဟာ တန်ပြန်ရ မယ့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုလို့ ၎င်းက ဆက်ပြောပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာ အမျိုးသား လုံခြုံရေးမူဝါဒနဲ့ ရန်သူကိုဟန့်တာရေး အခြေခံမူကို ထိန်း သိမ်းမယ်လို့ ကင်ဂျောင်အန်က ထပ်လောင်းအတည်ပြုပါတယ်။မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ရင် တန်ဖိုးကြီးကြီး ပေးဆပ်ရပြီး စစ် ရေးနည်းလမ်းကို ရွေးချယ်ရင် လက်တုံ့ပြန် တိုက်ခိုက်မှု ရင်ဆိုင်ရမယ်ဆိုတာ ရန်သူက သိနားလည်ဖို့ လို အပ်ပါတယ်” လို့ သူက ဆိုပါတယ်။မြောက်ကိုရီးယားဟာ မတ်လမှာ စတင်ခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ပဲ့ထိန်းဒုံးကျည်တပ် နျူက လီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်နေပါတယ်။တည်ဆောက်ဆဲ ဖျက်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကြောင့် မြောက်ကိုရီးယားရေတပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာစေမယ်လို့ ကင်ဂျောင်အန်က ပြောပါတယ်။

news-view-count-icon

10