ပထမဆုံးအကြိမ် ကျိုင်းတုံရေတံခွန်ပန်းပွဲတော် စတင်ကျင်းပနေ

Dec 25 • 8:52 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပထမဆုံးအကြိမ် ကျိုင်းတုံရေတံခွန်ပန်းပွဲတော် စတင်ကျင်းပနေ

ပထမဆုံးအကြိမ်အဖြစ် ပန်းပွဲတော်တစ်ခုကို ကျိုင်းတုံရေတံခွန်တွင် ယခုလ ၂၄ ရက်မှ စတင်ကျင်းပနေကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ ပန်းပွဲတော်ကို လာမည့် ၂၀၂၆ ခုနှစ် ဇန...

ပထမဆုံးအကြိမ်အဖြစ် ပန်းပွဲတော်တစ်ခုကို ကျိုင်းတုံရေတံခွန်တွင် ယခုလ ၂၄ ရက်မှ စတင်ကျင်းပနေကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ ပန်းပွဲတော်ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်အထိ ၁၆ ရက်ကြာ ကျင်းပနေခြင်းလည်းဖြစ်ပြီး ပွဲတော် ကာလအတွင်း Synthesis Music band ဖြင့်ဖျော်ဖြေမှု၊ UNION Music Band ဖြင့် ဖျော်ဖြေမှုများ၊ Free Show များကို စီစဉ်ထားသလို ဒေသထွက်ကုန်များနှင့် ဒေသထွက်အစားအစာများ ခင်းကျင်းရောင်းချသည့် စျေးဆိုင်ခန်းများကိုလည်း ဖွင့်လှစ်ထားကာ စည်ကားသိုက်မြိုက်စေရန် ပြင်ဆင်လုပ်ဆောင်ထားကြောင်း သိရသည်။ထိုကျိုင်းတုံရေတံခွန်အပန်းဖြေစခန်းသည် ကျိုင်းတုံမြို့၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ဟိုယန်းကျေးရွာ၌ တည်ရှိသည်။ ကျိုင်းတုံမြို့တစ်ဝိုက်တွင်လည်း ယခုအချိန်တွင် ချယ်ရီပန်းများပွင့်လာသည့်ကာလဖြစ်နေပြီး ချယ်ရီပန်းပွဲတော်ကိုလည်း ပဉ္စမအကြိမ်အဖြစ် လွိုင်မွေတောင်စခန်း၊ စတုရဋ္ဌသုမင်္ဂလာစေတီတော်အနီးရှိ ချယ်ရီပင်တန်းတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ ကျင်းပနေလျက်ရှိသည်ထိုချယ်ရီပန်းပွဲတော်မှာလည်း လွိုင်မွေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ရည်ရွယ်ထားကြခြင်းလည်းဖြစ်သည်။ လွိုင်မွေတောင်စခန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၅၄၂ ၌တည်ရှိပြီး လွိုင်မွေရေကန်၊ နှစ်တစ်ရာစံအိမ် စသည်ဖြင့့် အမှတ်တရ ဓာတ်ပုံများရိုက်ကူးနိုင်သော နေရာအများအပြားရှိသလို ယခုကဲ့သို့သော ဆောင်းရာသီကာလ ချယ်ရီပန်းများပွင့်ချိန်တွင် လာရောက်လည်ပတ်သူများဖြင့် နှစ်စဉ်စည်ကားရာ နေရာလည်းဖြစ်သည်။



news-view-count-icon

38