ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်နိုင်တဲ့ ကစားစရာ သေနတ်ကိုင်ဆောင်ထားသူတွေကို ယခုနှစ်ကုန်မှာ အပ်နှံကြဖို့ ဒီလိုမှမဟုတ်ရင် တရားစွဲဆိုခံရနိုင်ကြောင်း ဂျပန်ရဲတပ်ဖွဲ့က သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အဲဒီသေနတ်တွေဟာ တရုတ်နိုင်ငံထုတ် Real Gimmick Mini Revolver အမျိုးအစားဖြစ်ပြီး အရုပ်ကောက်စက်တွေမှာ ဆုအဖြစ်ထည့်သွင်းထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလခန့်ကတည်းက ဂျပန်နိုင်ငံတဝန်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်ထိ နိုင်ငံတွင်းမှာ အဲဒီလိုသေနတ် ၁၅,၈၀၀ ကျော် ပျံ့နှံနေပြီး ရဲတပ်ဖွဲ့ကတော့ ဇူလိုင်လမှစပြီး အခု နှစ်ကုန်အထိ အပ်နှံဖို့ အချိန်ကာလ သတ်မှတ်ထားပြီး နိုဝင်ဘာလကုန်အထိ ယူနစ် ၄,၀၀၀ ခန့်သာ သိမ်းဆည်းရမိသေးတယ်လို့ ဆိုပါတယ်။ အဲဒီလို ပလတ်စတစ်သေနတ် ကိုင်ဆောင်ထားသူတွေဟာ ဒါတွေကို မစွန့်ပစ်ဖို့နဲ့ ဒီဇင်ဘာလနောက်ဆုံးထားပြီး ကိုယ်တိုင်လာရောက်အပ်နှံကြဖို့ကို တိုက်တွန်းထားပါတယ်။ လာမည့်နှစ်ကစပြီး ပလတ်စတစ်သေနတ်ကို ပိုင်ဆိုင်ခြင်း သို့မဟုတ် တင်သွင်းခြင်းကို တွေ့ရှိပါက လက်နက်ထိန်းချုပ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲဆိုနိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ဂိမ်းဆိုင်တဆိုင်မှာ ကစားစရာသေနတ်တလက် ရရှိခဲ့တဲ့ အသက် ၉ နှစ်အရွယ် ကောင်လေးတယောက်ရဲ့ ဖခင်ကတော့ ဒီလိုအန္တရာယ်ရှိတဲ့ အရာ၀တ္ထုတွေ ကလေးတွေလက်ထဲ ပျံ့နှံ့နေတာဟာ အလွန်ကြောက်စရာကောင်းတယ်လို့ ဆိုပါတယ်။ယခင်ကလည်း အလားတူ သေနတ် ၁၆မျိုးကို သိမ်းဆည်းခဲ့ပါသေးတယ်။ စုံစမ်းစစ်ဆေးသူတွေဟာ ဒီလိုထုတ်ကုန်တွေကို သိမ်းဆည်းဖို့အတွက် အိမ်တွေနဲ့ အခြားနေရာတွေကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ 
Dec 25 • 5:23 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


