back

ထိုင်းနိုင်ငံ၊စမွတ်စခွန်တွင် အရက်မူးနေသည့် မြန်မာကားသမားဝင်တိုက်မှုကြောင့် မြန်မာ ၁ ဦးသေဆုံး

Dec 25 • 4:58 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊စမွတ်စခွန်တွင် အရက်မူးနေသည့် မြန်မာကားသမားဝင်တိုက်မှုကြောင့် မြန်မာ ၁ ဦးသေဆုံး

ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ခရိုင်တွင် အရက်မူးနေသည့် မြန်မာကားမောင်းသမား၏ ဝင်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနေသည့် မြန်မာလူမျိုး ၁ ဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်း...

ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ခရိုင်တွင် အရက်မူးနေသည့် မြန်မာကားမောင်းသမား၏ ဝင်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနေသည့် မြန်မာလူမျိုး ၁ ဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ယမန်နေ့(ဒီဇင်ဘာ ၂၄)ညနေပိုင်း၌ စမွတ်စခွန်ခရိုင်၊ ဘန်ဒွန်ကိုင်ဒီ – ထာဆောင်လမ်းမပေါ်တွင် အနက်ရောင်ပစ်ကပ်ကားတစ်စီးသည် အခြားယာဉ်တစ်စီး၏ နောက်ပိုင်းကို ဝင်တိုက်မိခဲ့ရာမှ အရှိန်လွန်ကာ ဆိုင်ကယ်တစ်စီးကိုဆက်လက်တိုက်မိပြီး လမ်းဘေးရှိ ကုန်စုံဆိုင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။၎င်းဖြစ်ရပ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အသက် ၃၂ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခြားလူ ၃ ဦး ဒဏ်ရာရရှိကာ အနီးနားရှိ ယာဉ် ၅ စီးခန့် ပျက်စီးသွားခဲ့သည်။ပစ်ကပ်ကားမောင်းနှင်သူသည် မြန်မာနိုင်ငံသား ၁ ဦးဖြစ်ပြီး ၎င်းသည် ပြင်းထန်စွာ မူးယစ်နေသည်ကို တွေ့ရှိရကြောင်း ကထုံဘန် ရဲစခန်းက သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းအား ကုန်စုံဆိုင်ပိုင်ရှင်နှင့် ဒေသခံများက အခင်းဖြစ်ပွားရာနေရာတွင် ဝိုင်းဝန်းဖမ်းဆီးကာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည်အထိ ထိန်းသိမ်းထားခဲ့ကြသည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က ယာဉ်မောင်းအား ဥပဒေအရ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

news-view-count-icon

18