မန်ယူအသင်းနည်းပြအာမိုရင်မ်က သူတို့အသင်းကပွဲစဉ်တိုင်းအနိုင်ကစားနိုင်စွမ်းရှိတယ်လို့ ေပြာလိုက်ပါတယ်။ လက်ရှိအချိန်မှာ မန်ယူအသင်းက အားထားရတဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ဒဏ်ရာနေလို့လာမယ့်ပွဲစဉ်တွေမှာရုန်းကန်ရမယ်ဆိုပြီး ထင်ကြေးပေးခံထားရပါတယ်။ဘရူနိုဖာနန်ဒက်စ်က တစ်လဝန်းကျင် အနားယူရမှာဖြစ်ပြီး အဲဒီကာလအတွင်း နယူးကာဆယ်၊ဝုလ်ဗ်၊ လိဒ်စ်၊ ဘန်လေအသင်းတွေနဲ့ကစားရမှာဖြစ်ပါတယ်။အာမိုရင်မ်က " ကျွန်တော်တို့အသင်းပွဲစဉ်တိုင်း အနိုင်ရနိုင်ပါတယ်။ ကျွန်တော်တို့အသင်းမှာ ပြဿနာလေးတွေရှိနေပြီး အဓိကကစားသမားတချို့
မကစားနိုင်ပေမယ့် ကျွန်တော့်အသင်းကို ယုံကြည်ပါတယ်။ အာရုံစိုက်ကစားရင်ကျွန်တော်တို့နိုင်ပွဲရမှာပါ" လို့ပြောခဲ့ပါတယ်။


