နေပြည်တော်ကုန်စိမ်းဈေးကွက်တွင် ရှမ်းကုန်စိမ်းများဈေးမြင့်လာသဖြင့် အရောင်းပါးလာကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးမှဆိုသည်။နေပြည်တော်ဈေးကွက်သို့ရှမ်းကုန်စိမ်းများကို တောင်ကြီး၊ကလော၊အောင်ပန်းဒေသများမှ ပျဉ်းမနားအာဟာရသုခဈေးရှိရှမ်းကုန်စည်ဒိုင်များသို့ဝင်ရောက်ပြီး ပျဉ်းမနားအာဟာရသုခဈေးမှ နေပြည်တော်မြို့ နယ်များရှိဈေးများသို့ဝယ်ယူရောင်းချကြကြောင်းသိရသည်။ရှမ်းကုန်စိမ်းများဖြစ်သည့်ပန်းဂေါ်ဖီ၊ ပန်းမုန်လာ၊ မုန်ညင်းထုတ်များမှာ ယခုအခါတစ်ထုတ်တစ်ပွင့်၂,၀၀၀ ကျော်ရောင်းချကြသဖြင့် သာမန်လက်လုပ်လက်စားများတော်ရုံဝယ်မစားနိုင်ကြောင်း၊ ဘိုစားပဲရွှေပဲများမှာလည်း ယခင်ကသာမန်လုပ်လက်စားများ၅၀၀ဖိုး၁,၀၀၀ဖိုးဝယ်စားလို့ရသော်လည်း ယခုမူအနည်းဆုံး ၁,၅၀၀/၂,၀၀၀ ဖိုးဝယ်မှရောင်းချကြကြောင်းသိရသည်။
နေပြည်တော်တွင် ရှမ်းကုန်စိမ်းဈေးမြင့်လာသဖြင့် အရောင်းပါးလာနေ
Dec 25 • 2:22 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 29 | 0 | 0 | 0 |


