ချင်းတောင်တန်းဒေသတွင် ခရစ်စမတ်ပွဲတော်များ ပျော်ရွှင်စွာ ပြုလုပ်ကျင်းပ

Dec 25 • 1:28 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းတောင်တန်းဒေသတွင် ခရစ်စမတ်ပွဲတော်များ ပျော်ရွှင်စွာ ပြုလုပ်ကျင်းပ

ချင်းတောင်တန်းရဲ့ ဒီဇင်ဘာလအချိန်ဟာ အမြဲတမ်း ချိုမြိန်ခဲ့ပါတယ်။ “Sweet December” ရဲ့အစပြုမှုနဲ့အတူ ချင်းလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ ခရစ္စမတ်အချိန်ဟာ ယုံကြည်ခြ...

ချင်းတောင်တန်းရဲ့ ဒီဇင်ဘာလအချိန်ဟာ အမြဲတမ်း ချိုမြိန်ခဲ့ပါတယ်။ “Sweet December” ရဲ့အစပြုမှုနဲ့အတူ ချင်းလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ ခရစ္စမတ်အချိန်ဟာ ယုံကြည်ခြင်း၊မိသားစု ပြန်လည်ဆုံစည်းခြင်းနဲ့ မျှဝေခံစားခြင်းတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။အခုလို ဒီဇင်ဘာလမှာ အေးချမ်းလှတဲ့ ညချမ်းမှာ အနွေးထည်ထူထူနဲ့ Carol တွေလှည့်ပြီး အလှူခံတာ၊ အိမ်တိုင်ရာအရောက် ခရစ်တော်မွေးဖွားတဲ့နေ့ရက်အကြောင်း သတင်းကောင်းပါးတာ၊ Carol သီချင်းတွေကို အိမ်တိုင်ရာရောက် ညနက်အထိ သီဆိုတာတွေက မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာမသိမ်းခင်က ခရစ်ယာန်ဘာသာ၀င်တွေအများစုနေထိုင်တဲ့ ချင်းပြည်မှာပြုလုပ်နေကျဖြစ်ပါတယ်။ချင်းပြည်ကမိသားစုတိုင်းအတွက် ၁၂ လရာသီမှာ ဒီဇင်ဘာလဟာ အသားဟင်းကိုအလျှံအပယ်စားရတဲ့အချိန်လည်းဖြစ်ပါတယ်။နိုင်ငံရေး အလှည့်အပြောင်းကြောင့် ၂၀၂၁ ခုနှစ်ကစပြီး ချင်းတောင်တန်းမှာ မမြင်ရတော့တဲ့ ဒီဇင်ဘာ ခရစ္စမတ် Carol Singing အစဉ်အလာ ကတော့ ချင်းတွေရဲ့ နှလုံးသားမှာ ရှင်သန် နေဆဲပဲဆိုတာ ၂၀၂၅ ဒီဇင်ဘာလမှာ ချင်းတောင်တန်းမှာ ပြန်ကြားလာရတဲ့ ခရစ္စမတ် Carol တေးသံ က သက်သေပင် ဖြစ်ပါတယ်။

news-view-count-icon

15