ရခိုင်လူမျိုးများအတွက် အလွန်အရေးပါသည့် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သည် ရှေးဟောင်း "ယတြာခေါင်းလောင်း"အား တူးဖော်ရရှိပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ခေါင်းလောင်းသည် ယတြာ အင်းအိုင်၊ အင်းကွက်များဖြင့် ခပ်နှိပ်ထားပြီး ရက္ခိုင်သမိုင်း၌ ပြည်ပရန်သူများ ဖိန့်ဖိန့် တုန်အောင်ကြောက်လန့်ခဲ့ရသည့် မြောက်ဦးခေတ် ရှေးဟောင်း သမိုင်းဝင်ယတြာခေါင်းလောင်း ဖြစ်ကြောင်း သိရသည်။ ရက္ခိုင်ပြည်စောင့် ခေါင်းလောင်းဖြစ်သော ယတြာခေါင်းလောင်းကို ရက္ခိုင် မြောက်ဦးခေတ် ၌ ရက္ခိုင်ဘုရင် နရပတိကြီး ( ၁၆၃၈-၁၆၄၅) လက်ထက်က သွန်းလုပ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိရသည်။ခေါင်းလောင်း၏ အမြင့် ၈၆ စင်တီမီတာ၊ အောက်ခြီအချင်း ၆၅ စင်တီမီတာ၊ အောက်ခြီအဝန်း ၂၀၇ စင်တီမီတာ၊ အနားအထူ ၄ စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀ စင်တီမီတာနှင့် ဂိုင်းလုံးပတ် ၂၄ စင်တီမီတာရှိသည့် သမိုင်းဝင် ကြီးသွန်းခေါင်းလောင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ရခိုင်တစ်မျိုးသားလုံးအတွက်အလွန်အရေးပါသည့် ရှေးဟောင်း "ယတြာခေါင်းလောင်း"အား တူးဖော်ရရှိ
Dec 25 • 1:16 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 91 | 0 | 0 | 0 |


