ပုဂံမှာ ဘုရားဖူးလာရောက် လည်ပတ်နေတဲ့ ဇနီးမောင်နှံ ၂ဦးဟာ ဒီဇင်ဘာလ ၂၃ရက်နေ့မနက် ၉နာရီအချိန်ခန့်က ပုပ္ပါးကိုသွားမယ်ဆိုပြီး ဆိုင်ကယ်ငှားပြီး သူတို့ ၂ဦး ထွက်သွားကြကြောင်း. ဒီကနေ့ ဒီဇင်ဘာလ ၂၄ရက်နေ့ ညနေအထိ အဆက်အသွယ်မရသေးကြောင်း ဧည့်သည်အမျိုးသားရဲ့ အစ်မဖြစ်သူက ပြောခဲ့တာပါ။ သူတို့တည်းခိုတဲ့ ဟိုတယ်ကနေ မနက်ပိုင်းထဲက ထွက်သွားတာဖြစ်ပြီး သူတို့နှစ်ဦးဟာ ၂၃ရက်နေ့ ညကားနဲ့ ပြန်လာမယ်လို့ ပြောထားကြောင်း. ဟိုတယ်မှာ check out လုပ်ပြီး ပစ္စည်းတွေထားခဲ့ကြောင်း အဲဒီပစ္စည်းတွေလည်း ဟိုတယ်မှာ အခုထိ လာမယူသေးကြောင်း သူငယ်ချင်းတစ်ဦးက ပြောပြခဲ့တာ တွေ့ရပါတယ်။အဆိုပါသူငယ်ချင်းကပဲ ဆိုင်ကယ်နဲ့သွားတယ်လို့ ဟိုတယ်ကပြောတယ်. ဖုန်းလိုင်းမမိရင်တောင် ဟိုတယ်ပြန်ရောက်ရမှာပါ။အဲဒီဘက်မှာ သူတို့ကို တွေ့မိသူရှိရင် ပြောပေးကြပါဦးလို့ အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်.
အခုရက်ပိုင်း ပုဂံမှာ ဖြစ်သွားတဲ့ ကိစ္စတွေကြောင့် သူတို့ ၂ဦးကိုလည်း အားလုံးကစိတ်ပူနေကြတယ်လို့ သိရပါတယ်.



