back

ချင်းတောင်ထွက် မျောက်ငိုသီးများ ပြည်ပတင်ပို့နိုင်ခြင်းမရှိလို့ ၅ နှစ် အတွင်း စံချိန်တင်ဈေးကျ

Dec 24 • 1:21 PM

breaking-news

မြန်မာ

ချင်း

cover

ချင်းတောင်ထွက် မျောက်ငိုသီးများ ပြည်ပတင်ပို့နိုင်ခြင်းမရှိလို့ ၅ နှစ် အတွင်း စံချိန်တင်ဈေးကျ

၂၀၂၅ ခုနှစ်မှာ ချင်းတောင်ထွက် မျောက်ငိုသီး တွေကို ဒီနှစ်မှာ ပြည်ပတင်ပို့နိုင်ခြင်းမရှိလို့ ၅ နှစ်တာ ကာလ အတွင်း ဈေး အနည်းဆုံး သို့ စံချိန်တင် ဈေးကျသွားခဲ့ပြီး ၁ ...

၂၀၂၅ ခုနှစ်မှာ ချင်းတောင်ထွက် မျောက်ငိုသီး တွေကို ဒီနှစ်မှာ ပြည်ပတင်ပို့နိုင်ခြင်းမရှိလို့ ၅ နှစ်တာ ကာလ အတွင်း ဈေး အနည်းဆုံး သို့ စံချိန်တင် ဈေးကျသွားခဲ့ပြီး ၁ တောင့် ကို ကျပ် ၅၀ နဲ့သာ ဝယ်ယူကြကြောင်း ချင်းပြည်နယ်၊တီးတိန်မြို့နယ် အတွင်းရှိ ဒေသခံ တောင်သူများ ထံမှ သိရှိရပါတယ်ချင်းတောင်ထွက် မျောက်ငိုသီး အများစုဟာ ကလေး-တမူး ကနေ တဆင့် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် ဘက်ကို တင်ပို့တာ ဖြစ်ပြီး လမ်းခရီး ခက်ခဲတာနဲ့ စရိတ် ကြီးမားတာကြောင့် အရင်နှစ်တွေလို တင်ပို့ နိုင်ခြင်း မရှိတော့ တာကြောင့် ဈေးကျသွားတာ ဖြစ်နိုင်တယ် လို့လည်း တချို့ တောင်သူတွေက ခန့်မှန်း ထားကြပါတယ်။ချင်းတောင် မျောက်ငိုသီးကို ၂၀၂၃ ခုနှစ်မှာ ၁ ထောင့်ကို ၂၀၀ ကျပ်နဲ့ ဈေးပိတ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်မှာ ၁ ထောင့်ကို ၁၀၀ ကျပ်ခန့်နဲ့ ဝယ်ယူခဲ့ကြောင်း၊ နှစ် အလိုက် ငွေလဲနှုန်း နဲ့ တွက်ပါက တဖြည်းဖြည်း အကျ ဘက် ရောက်လာကြောင်း၊ ချင်းတောင် မျောက်ငိုသီးဟာ ကလေးလွင်ပြင်ရှိ မျောက်ငိုသီးများ ထက် စောလျင်စွာ ခူးနိုင်သည့် အတွက် ဈေးကောင်းရတာ ဖြစ်ပြီး ကလေးဒေသရှိ မျောက်ငိုများ ထွက်လာပါ ဒီထက် ဈေးကျ နိုင်ကြောင်း ဆက်လက် သိရှိရ ပါတယ်။




news-view-count-icon

23