back

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု မိုင်းခတ်မြို့ကိုဗဟိုပြုလှုပ်ခတ်

Dec 24 • 8:23 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု မိုင်းခတ်မြို့ကိုဗဟိုပြုလှုပ်ခတ်

မိုင်းခတ်မြို့ကို ဗဟိုပြု၍ ယနေ့ ဒီဇင်ဘာ ၂၄ ရက်မွန်းတည့်ပိုင်းက အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိ...

မိုင်းခတ်မြို့ကို ဗဟိုပြု၍ ယနေ့ ဒီဇင်ဘာ ၂၄ ရက်မွန်းတည့်ပိုင်းက အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ဒီဇင်ဘာ ၂၄ ရက်မွန်းတည့် ၁၂ နာရီ ၂၀ မိနစ် ၄၅ စက္ကန့်က ကျိုင်းတုံမြေငလျင်စခန်းမှ တိုင်းထွာရရှိချက်အရ မိုင်းခတ်မြို့၏ အနောက်တောင်ဘက် (၆) မိုင်ခန့်အကွာ၊ အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄ ဒသမ ၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။


news-view-count-icon

38