back

ရှမ်းပြည်နယ်တွင် တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၅၃၉ မျိုးဖမ်းမိခဲ့

Dec 24 • 5:04 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တွင် တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၅၃၉ မျိုးဖမ်းမိခဲ့

ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၂ ရက်တွင် လားရှိုးမ...

ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၂ ရက်တွင် လားရှိုးမြို့နယ် နောင်ဝိုးကျေးရွာအနီး၌ မော်တော်ယာဉ် ၅၈ စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၅၃၉ မျိုး၊ စားသောက်ကုန်ပစ္စည်း ၁၇ မျိုး၊ လျှပ်စစ်ပစ္စည်း ၁၄ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၂,၂၅၄,၀၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် လိုင်စင်ရှိ မော်တော်ယာဉ် ကိုးစီးနှင့် လိုင်စင်မဲ့မော်တော်ယာဉ် ၄၉ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၂,၀၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၄,၂၅၄,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။


news-view-count-icon

32