ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၇ ရက်တွင် ဖြူးမြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် ၂ ဒသမ ၉၂၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၁,၁၃၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။



