နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် တပ်ကုန်း မြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၅ ဒသမ ၄၃၈ တန်၊ အခြားသစ် ၁၈ ဒသမ ၂၂၆ တန် စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၈၂၀,၂၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။



