ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်တွင် ကျောက်တံခါးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့အတွင်း၌ တရားမဝင် သစ်မာ ၂ ဒသမ ၁၁၄ တန်၊ အခြားသစ် ၀ ဒမသ ၅၇၁ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၇၂,၆၀၈ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။



