၂၃.၁၂.၂၀၂၅ ရက်နေ့၊ ၁၇ နာရီ၃၆မိနစ် အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ မင်းရဲကျော်စွာရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့ပါတယ်။အဆိုပါသတင်းရရှိသဖြင့် မြင်းမူမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ မြင်းမူအရန်မီးသတ်မှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ပါတယ်။မြန်မာစံေတာ်ချိန် ၁၇ နာရီ၅၅ မိနစ်အချိန် မီးငြိမ်းပါသည်။



