back

ရုရှားတောင်ပိုင်းကို ဒရုန်းများဖြင့် ယူကရိန်း တိုက်ခိုက်

Dec 23 • 8:10 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှားတောင်ပိုင်းကို ဒရုန်းများဖြင့် ယူကရိန်း တိုက်ခိုက်

ယူကရိန်းဟာ ရုရှားတောင်ပိုင်းကို ဒီဇင်ဘာလ ၂၂ ရက်က ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ယူကရိန်းတိုက်ခိုက်မှုကြောင့် ရုရှ...

ယူကရိန်းဟာ ရုရှားတောင်ပိုင်းကို ဒီဇင်ဘာလ ၂၂ ရက်က ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ယူကရိန်းတိုက်ခိုက်မှုကြောင့် ရုရှားတောင်ပိုင်း Stavropol ဒေသရှိ စက်ရုံအများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောကြားထား ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်ကလည်း ယူကရိန်းရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ Krasnodar ဒေသရှိ သင်္ဘောနှစ်စင်းနဲ့ ဆိပ်ခံတံတားနှစ်စင်း ပျက်စီးခဲ့သလို Krasnodar ဒေသ Black Sea ကမ်းရိုးတန်း ရွာတစ်ရွာမှာ လည်း မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ယူကရိန်းဟာ Krasnodar ဒေသကို ဒရုန်းတွေအသုံးပြု မကြာခဏ တိုက်ခိုက်သလို ရေနံချက်စက်ရုံတွေ၊ လောင်စာဆီဂိုဒေါင် တွေ၊ ဆိပ်ကမ်းတွေနဲ့ လေယာဉ်ကွင်းတွေကိုလည်း ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ရုရှားရဲ့ ယူကရိန်းအပေါ် နယ်မြေကျူးကျော်စစ်မှာ ယူကရိန်းဘက်ကနေ အနောက်အုပ်စုက ရပ်တည်ပေးနေ ကြတာပါ။ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ ရုရှားရဲ့ အကျိုးစီးပွားကို လေးစားပြီး အနောက်အုပ်စုအနေနဲ့ ရုရှား အပေါ် လေးစားမှုရှိရှိ ဆက်ဆံမယ်ဆိုရင် နောက်ထပ် စစ်ပွဲတွေ ရှိလာလိမ့်မှာ မဟုတ်ဘူးလို့ ရုရှားသမ္မတပူတင်က သတိပေး ပြောကြားထားပါတယ်။

news-view-count-icon

29