back

ပြည်တွင်း၌ပလတ်စတစ်မှဒီဇယ်ထုတ်လုပ်မှု မိတ္ထီလာ၌ လက်တွေ့လုပ်ဆောင်ပြသဟုဆို

Dec 23 • 7:13 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ပလတ်စတစ်မှဒီဇယ်ထုတ်လုပ်မှု မိတ္ထီလာ၌ လက်တွေ့လုပ်ဆောင်ပြသဟုဆို

ပြည်တွင်း၌ပလတ်စတစ်မှ ဒီဇယ်ထုတ်လုပ်မှုကို မိတ္ထီလာမြို့တွင် ဌာနဆိုင်ရာများကိုဖိတ်ကြား၍ လက်တွေ့လုပ်ဆောင်ပြသခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါလုပ်ဆောင်ပြသမှုကိ...

ပြည်တွင်း၌ပလတ်စတစ်မှ ဒီဇယ်ထုတ်လုပ်မှုကို မိတ္ထီလာမြို့တွင် ဌာနဆိုင်ရာများကိုဖိတ်ကြား၍ လက်တွေ့လုပ်ဆောင်ပြသခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါလုပ်ဆောင်ပြသမှုကို မိတ္ထီလာမြို့နယ်၊ ကျီတော်ကုန်းရပ်ကွက်တွင်နေထိုင်သော ကိုစောမြင့်သိန်းဆိုသူမှ ၎င်း၏နေအိမ်သို့ဌာနဆိုင်ရာများဖိတ်ကြားပြီး ဒီဇင်ဘာ ၂၂ ရက်က လက်တွေ့စမ်းသပ်ပြုလုပ်ပြသခဲ့ခြင်းလည်းဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံတွင်နှစ်ပေါင်းများစွာနေထိုင်၍ ပလတ်စတစ်အမှိုက်မှ ဒီဇယ်ထုတ်လုပ်မှုနှင့်သက်ဆိုင်သော အလုပ်မျိုးကို လုပ်ကိုင်လာခဲ့သူဖြစ်ပြီး ယင်းအတွေ့အကြုံကိုယူဆောင်လာကာ ယခုကဲ့သို့လက်တွေ့ပြသခြင်းလည်းဖြစ်သည်။ထိုင်းနိုင်ငံမှယူဆောင်လာသော စွန့်ပစ်ပလတ်စတစ် ဒီဇယ်ထုတ်ပေါင်းအိုးများဖြင့် ဒီဇယ်ထုတ်လုပ်မှုကိုစမ်းသပ်ရာတွင် ပလတ်စတစ် ၃၀ ကီလိုဂရမ်လျှင် ဒီဇယ် ၂၇ လီတာထွက်ရှိသည်ကို လက်တွေ့လုပ်ဆောင်ပြသခဲ့ခြင်းဖြစ်ပြီး လူမှု့ရေးအသင်းအဖွဲ့များအနေဖြင့် ရန်ပုံငွေရှာဖွေပြုလုပ်လိုပါက ပစ္စည်းတန်ဖိုးသယ်ယူစရိတ်ပေါင်းတွက်ပြီး နည်းပညာမျှဝေပေးရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။ပြည်တွင်းရှိ ဒေသအများစုတွင် စွန့်ပစ်အမှိုက်များကို ကျင်းတူး၍မြှုပ်ခြင်းနည်းဖြင့်သာ ဖြေရှင်းမှုများပြားပြီး အချို့မှာ မီးရှို့လုပ်ဆောင်ခြင်းကြောင့် လေထုညစ်ညမ်းမှုများလည်းကြုံတွေ့လျက်ရှိရာ ယခုလိုစွန့်ပစ်အမှိုက် ဖြေရှင်းနိုင်မည့်နည်းလမ်း အတွက် ဒေသခံများကြား စိတ်ဝင်စားမှုများနေကြောင်းလည်း သိရသည်။

news-view-count-icon

39