အစောပိုင်းကျဈေးဖြင့်တင်းနေသည့် စပါးဈေးယခုဒီဇင်ဘာလအတွင်း စပါးဈေးများပြန်တက်လာကြောင်း နှင့်စပါးဈေးတက်လာသဖြင့်ဆန်ဈေးများပါတက်ရိပ်ပြလာကြောင်း စပါးစိုက်တောင်သူတစ်ဦးထံမှသိရသည်။“နိုဝင်ဘာဒုတိယပတ်လောက်ထဲကစပါးစျေး အကုန်စပြီးတက်လာတာယနေ့ထိပဲ၊အနိမ့်ဆုံးစျေး (၁၆/ ၁၇) ဒီထက်ဆက်တက်မဲ့အလားအလာတွေရှိတယ်။ စပါးပေါ်စက(၁၀/၁၁)လောက်ဖြစ်နေတော့ တောင်သူတွေ စိတ်ဓာတ်တွေကျနေတာ။စပါးစစိုက်ထဲကဓာတ်မြေဩဇာဈေးကမြင့်နေတာ။ မထည့်ရင်လည်း စပါးအထွက်မကောင်းမှာစိုးလို့ အကြွေးယူဝယ်ထည့်ခဲ့ရတယ်။ စပါးရလို့တွက်ကြည့်လိုက်တော့ မြေဩဇာဖိုးဆပ်ဖို့တောင် မနည်းရုန်းနေရတယ်။စပါးဈေးလေးတက်လာတော့ အသက်ရှုချောင်တာပေါ့ဗျာ” ဟုတောင်သူတစ်ဦးမှပြောသည်။စပါးဈေးတက်လာသဖြင့် ယခုအခါဆန်ဈေးများပါတက်ရိပ်ပြလျက်ရှိသလို တက်လည်းတက်လာကြောင်းသိရသည်။



